Acti-Motive သည် လိုက်လျောညီထွေတုံ့ပြန်ဆောင်ရွက်နိုင်သော စွမ်းဆောင်ရည်မှတ်တမ်းတင်စနစ်များဖြင့် ကာယကြံ့ခိုင်ရေးနယ်ပယ်ကို ကိုင်လှုပ်လျက်ရှိသည်။ ယခုအခါ gym များ၊ personal trainer များနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များသည် အွန်လိုင်းမှဖြစ်စေ၊ လေ့ကျင့်ရေးခန်းမတွင်ဖြစ်စေ ဖောက်သည်များ၏ စွမ်းဆောင်ရည်များကို ချိတ်ဆက်ရန်၊ အပြန်အလှန်ပြောဆိုဆွေးနွေးရန်၊ တိုင်းတာရန်အတွက် အချက်အလက်များကို အချိန်နှင့်တပြေးညီရယူအသုံးချနိုင်နေပြီဖြစ်သည်။ အသုံးပြုရအဆင်ပြေလွယ်ကူသော ပလက်ဖောင်းသည် လူပုဂ္ဂိုလ်တစ်ဦးချင်းအား အွန်လိုင်းသင်တန်းများတွင်ချိတ်ဆက်ပေးပြီး ပုံရိပ်ယောင်သရုပ် ဖော်ဗွီဒီယိုများ ပံ့ပိုးပေးကာ တစ်ဦးချင်းစွမ်းဆောင်ရည်များကို လေ့လာသုံးသပ်ခြင်းတို့အပြင် အွန်လိုင်းသင်တန်း များအတွက် စာရင်းကြိုတင်ပေးနိုင်စေပါသည်။