ပလာတိစ်ကဲ့သို့သော သမာဓိစူးစိုက်လုပ်ဆောင်ရသည့်လှုပ်ရှားမှုသည် လူတို့၏ ရှင်သန်နေထိုင်မှုကို ပြောင်းလဲစေလိမ့်မည်ဟု Balance Body ကအမြဲတစေယုံကြည်ပါသည်။ အပေါင်းလက္ခဏာဆောင်သော အပြောင်းအလဲများဖော်ဆောင်ရန် ကျွန်ုပ်တို့၏စိတ်အားထက်သန်မှုက ကျွန်ုပ်တို့ကို ပလာတိစ်ကိရိယာနှင့် သင်ကြားရေးနယ်ပယ်တွင် ကမ္ဘာ့အကြီးဆုံးပံ့ပိုးပေးသူအဖြစ်ရောက်ရှိစေခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် လူသား၏ဇီဝလှုပ်ရှားမှုဖြစ်စဉ်အပေါ်ခေတ်ပေါ်သိမြင်နားလည်မှုများမှ တဆင့်ပေါ်ထွက်လာသော နည်းပညာ၊ အသုံးအဆောင်ပစ္စည်းများနှင့် ခေတ်အမီဆုံးအင်ဂျင်နီယာပညာရပ်တို့ကိုပေါင်းစပ်ခြင်းဖြင့် ဂျိုးဆက်ပ်ပလာတိစ် ၏ကိရိယာများကို သိသာစွာအဆင့်မြှင့်တင်ပေးခဲ့သောပထမဆုံးပလာတိစ် ကုမ္ပဏီဖြစ်သည်။