SearaSports Logo
Search
Close this search box.

Gym80 4E Series Eccentric-Isokinetic လေ့ကျင့်စက်

ပုတ်သင်ညိုတစ်ကောင်ကဲ့သို လိုက်လျောညီထွေပြောင်းလဲနိုင်စွမ်း။ 4E အလေးမစက်စီးရီးများသည် Gym80 International ၏ လုံးဝသစ်လွင်သော မော်တာတပ်စီးရီးတစ်ခုဖြစ်ပါသည်။ ၎င်းတွင် Gym80 ဆော့ဖ်ဝဲဖြင့် ချိတ်ဆက်ထားပြီး လျှပ်စစ်အားဖြင့်အပြည့်အဝထိန်းချုပ်အလုပ်လုပ်သော လေ့ကျင့်ရေးနေရာ ၁၀ ခုပါဝင်သည်။ ဤပက်ကေ့ချ်၏ အဓိကအားသာချက်မှာ မူပိုင်ခွင့်မှတ်ပုံတင်ထားသော မော်တာနှင့်နည်းပညာပင်ဖြစ်သည်။ တမူထူးခြားသော မော်တာအလုပ်လုပ်ပုံက အသုံးပြုသူ၏ စွမ်းဆောင်ရည်အလားအလာကို သိရှိပြီး ခံနိုင်အား အဆင့်များကို အလိုအလျောက်ချိန်ညှိပေးနိုင်သည်။ 4E နှင့်ဆိုလျှင်အသုံးပြုသူများသည် သူ/သူမ၏ သဘာဝ လုပ်ဆောင်နိုင်စွမ်းအကန့်အသတ်နှင့်အညီ အမြဲလေ့ကျင့်နိုင်ခြင်းကြောင့် ပထမဆုံးအကြိမ်အနေဖြင့် စစ်မှန်သော အိုင်ဆိုကိုင်နက်တစ် (အမြန်နှုန်းတသတ်မတ်တည်းဖြင့်လေ့ကျင့်မှု) လေ့ကျင့်မှုကိုရရှိခံစားရမည်ဖြစ်သည်။ ထို့ကြောင့် သင်၏အသင်းဝင်များသည် ၎င်းတို့၏တစ်ဦးချင်းအလိုက်လေ့ကျင့်ရေးရည်မှန်းချက်များကို ရရှိကြမည် ဖြစ်သည်။

my_MM