SearaSports Logo
Search
Close this search box.

ကာယကြံ့ခိုင်ရေး နည်းပညာ

The Gamification Of Wellness

Icaros ကစိတ်လှုပ်ရှားစရာကောင်းပြီး ထိရောက်သောအတွေ့အကြုံကို ဖန်တီးနိုင်ရန် ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးနှင့်ဒီဂျစ်တယ်နည်းပညာတို့ကို ပေါင်းစည်းထားခြင်းဖြစ်သည်။ Icaros မှထုတ်ကုန်နှစ်ခုက နေအိမ်၊ စတူဒီယိုနှင့် Gym များအတွက် သင့်တော်ပါသည်။ Icaros Home က Fitness နှင့် virtual reality (ပုံရိပ်တုနည်းပညာ) ကိုပေါင်းစပ်ကာ အံ့အားသင့်စရာ virtual world မိမိကိုယ်တယပိုင်ယာဉ်၏ မောင်းနှင်သူတစ်ယောက်အလား သုံးစွဲသူကို ဖန်တီးပေးပါသည်။ Icaros Cloudbကမူ core muscles များ၊ ဟန်ချက်ညီမှု၊ ချိတ်ဆက်လုပ်ဆောင်နိုင်မှုတို့ကို တိုးတက်စေသည့် ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားကစားရသော လေ့ကျင့်ရေးကိရိယာနှင့် ဒီဂျစ်တယ်နည်းအရဆက်သွယ်ပေးထားသော လေထိုးသွင်းနိုင်သည့် ကိရိယာဖြစ်သည်။၎င်းက free app(သို့မဟုတ်) Pro app နှစ်မျိုးစလုံးကို အသုံးပြုသည်။ Yoga၊ Pilates တို့နှင့် ဆက်နွယ်သောလေ့ကျင့်ခန်းများ၊ အားကစားသိပ္ပံပညာရှင်များ၊ ပရော်ဖက်ရှင်နယ် ထရိန်နာများပေးသည့် လေ့ကျင့်ခန်းများကို လုပ်ဆောင်နိုင်ရန်အတွက်ဖြစ်သည်။

Connected Fitness ? Enhancing User Engagement On-Line, On-Cloud, On-App

Seara အနေဖြင့် စီးပွားဖြစ်လုပ်ကိုင်သော fitness centers များ၊ လတ်တလော လည်ပတ်ဆောင်ရွက်ခြင်းမရှိသည့် facilities များ၊ wellness centersများ၊ နောက်ဆုံးပေါ် ဒီဂျစ်တယ်ဆက်သွယ်မှုနည်းပညာကို သုံးစွဲကြည့်ချင်ကြသော အိမ်တွင်းအသုံးပြုသူများအတွက် နည်းနာ(solutions) နှင့် ထုတ်ကုန် (products) များကို ဤနယ်ပယ်၌ရှေ့တန်းက ဖြည့်စွမ်းနေပါသည်။ ခန္ဓာကိုယ်၏ လှုပ်ရှားမှုနှင့်ပတ်သက်သမျှ အသေးစိတ်အချက်အလက်များကို တိုင်းတာစစ်းဆေးပေးပြီး ရလဒ်များထုတ်လုပ်ပေးသော personal training programs အတွက် အမျိုးမျိုးပြောင်းလဲ ထုတ်လုပ်ပေးသော၊ အခြားအဖွဲ့ဆက်ရှင်များ၌ ဝင်ရောက်ပါဝင်နိုင်အောင် လုပ်ဆောင်ပေးသော solutions များစွာရှိပါသည်။Cardiovascular( နှလုံးသွေးကြော ကျန်းမာရေး) နှင့် ကြံ့ခိုင်မှုနှစ်မျိုးစလုံးအတွက် လုပ်ဆောင်မှုများအတူတူပင် ဖြစ်သည်။ စက်ပေါ်တက်၊ စက်နှင့် App ထံမှ လေ့ကျင့်ခန်းနှင့်သက်ဆိုင်သော တုံ့ပြန်မှုကိုယူပါ။ လိုက်နာလုပ်ဆောင်ပါ။ အနှစ်ချုပ် တုံ့ပြန်ပေးသမျှကို မျက်ခြည်မပြတ် စောင့်ကြည့်ပါ။

Connected fitness ကို အသုံးပြုရခြင်း၏ အဓိကသော့ချက်မှာ တိုင်းထွာမှု၊ အချက်အလက်၊ အတွေ့အကြုံကို အခြေခံသည့် personal programs နှင့် group programs များကို စေ့ဆော်အားအဖြစ်ယူပြီး ကျန်းမာသောလူမှုဘဝပုံစံ တစ်ခုအဖြစ်သို့ လိုက်လျောညီထွေ ပြောင်းလဲနေထိုင်နိုင်အောင် ဖြစ်ပါသည်။ သင်၏ အဖွဲ့အစည်းအတွက် (သို့မဟုတ်) သင်ကိုယ်တိုင်အတွက် engagement level (ကျွမ်းဝင်မှုအဆင့်) ကို သတ်မှတ်နိုင်အောင် Seara က သင်၏မေးခွန်းမျာကို ဖြေကြားပေးပြီး ကမ္ဘာ့အဆင့်မီ products နှင့် solutions များဖြင့် ကူညီပေးနိုင်ပါသည်။

my_MM