SearaSports Logo
Search
Close this search box.

အိမ်သုံး ကာယကြံ့ခိုင်မှု လေ့ကျင့်ရေး

နေရာမရွေး လှုပ်ရှားတက်ကြွသည့် ဘဝနေမှုပုံစံကို ဖြည့်စွမ်းနိုင်မည့် Seara

Seara က အင်ဒိုချိုင်းနားနှင့် အရှေ့အာရှတခွင်၌ ကိုယ်စားလှယ်အရောင်းဆိုင်များ ဖွင့်လှစ်ထားပါသည်။ Seara ၏ ရုံးများအားလုံးနီးပါး၌ အရောင်းပြခန်းများရှိပြီး ထိပ်တန်း fitness facility များတွင် တွေ့ရသော အမှတ်တံဆိပ်များမှ အရည်အသွေးကောင်းမွန်သော အိမ်သုံး fitness products များကို ရောင်းချပေးပါသည်။ Seara ၏ အရောင်းပြခန်းများသည် အရေအတွက်အများအပြား ရောင်းချသည့် အရောင်းဆိုင်ပုံစံမျိုးမဟုတ်ဘဲ တစ်ဦးတည်းတင်သွင်းဖြန့်ချိသူ Seara ထံမှ အရည်အသွေးမြင့် ကုန်ပစ္စည်းများကို တိုက်ရိုက်ဝယ်ယူရရှိနိုင်မည့် အခွင့်အရေးကို ဝယ်ယူသူများအား ပေးထားပါသည်။ ကြားခံ အမြတ်တင်စားမည့်သူမျိုး မရှိပါ။ Seara အနေဖြင့် ကျွန်ုပ်တို့၏ Service teams များမှ ပြင်ဆင်မပေးနိုင်သည့် ကိရိယာပစ္စည်းမျိုးကို ရောင်းချလိမ့်မည်မဟုတ်ပါ။ ကျွန်ုပ်တို့ရောင်းချသမျှ အမှတ်တံဆိပ်တစ်ခုစီသည် ရေရှည်လက်တွဲလာသည့် ယုံကြည်စိတ်ချရသော ပါတနာများဖြစ်ပါသည်။ ဥပမာ- အာရှပစိဖိတ်ဒေသမှာဆိုလျှင် Seara က Life Fitness ၏ အရှည်ကြာဆုံး ရပ်တည်လာသော ဖြန့်ဖြူးရေးတာဝန်ခံ ဖြစ်သည်။ သင့်အနေဖြင့် Seara မှ အိမ်သုံးကိရိယာပစ္စည်းတစ်ခု ဝယ်ယူသည့်အခါ ပါဝင်သည့် အာမခံကြောင့် အချိန်မရွေးအလဲအထပ်(သို့မဟုတ်) ပြန်လည်ရောင်းချခြင်းတို့ လုပ်နိုင်ပါသည်။ ဤကောင်းမွန်သော ဝန်ဆောင်မှုကြောင့်သာ ဝယ်သူများစွာတို့က မိမိတို့အိမ်သစ်အတွက်(သို့မဟုတ်) လုပ်ငန်းသုံးရန်အတွက် ကိရိယာပစ္စည်းများဝယ်ယူရန် Seara ထံသို့ လာရောက်ရသည့်အကြောင်းဖြစ်သည်။ ဤဝန်ဆောင်မှုမျိုးကို department store (သို့မဟုတ်) အွန်လိုင်းရောင်းချသူများထံမှ ရရှိနိုင်မည်မဟုတ်ပါ။

my_MM