အားကစားဆိုင်ရာ အဆောက်အအုံ
အရည်အသွေးမြင့် facilities များမှတစ်ဆင့် ဈေးကွက်၏စွဲမြဲအားပေးမှုကို ရရှိခြင်း
Seara သည် နိုင်ငံတကာအဆင့်မီ အားကစားနှင့် အပန်းဖြေနားနေမှုဆိုင်ရာ facilities များ တည်ဆောက်ပေးနေသော ပထမတန်းကျွမ်းကျင် ကန်ထရိုက်တာြဖစ်ပါသည်။ Seara က အစီအစဉ်ချမှတ်ခြင်း၊ ဒီဇိုင်းထုတ်ခြင်း၊ နေရာအသုံးချမှု၊ ထုတ်ကုန်လိုအပ်ချက်များ၊ ကုန်ကျစရိတ်ပြုပြင်ထိန်းသမ်းမှု၊ ဈေးကွက်ဆွဲဆောင်မှုတို့အတွက် ပိုင်ရှင်များ၊ ဗိသုကာများ၊ ပရောဂျက်မန်နေဂျာများ၊ အတိုင်ပင်ခံများနှင့် လက်တွဲလုပ်ဆောင်ပါသည်။ အားကစားတစ်မျိုးစီအတွက် စံသတ်မှတ်ချက်ထားသော ပရော်ဖက်ရှင်နယ် အဖွဲ့အစည်းများကပင် ရွေးချယ်ခြင်းကိုခံရပြီး အသိအမှတ်ပြုလည်းခံရသည့် ထိပ်တန်းကုမ္ပဏီများ၏ ကုန်ပစ္စည်းများကို Seara က ကိုယ်စားပြုရောင်းချပေးပါသည်။ Seara ၏ဒီဇိုင်နာများ၊ တည်ဆောက်တပ်ဆင်ရေးအဖွဲ့များအနေဖြင့် အက်ခရစ်တင်းနစ်ကစားကွင်း၊ မြက်ခင်းနှင့် ရွှံ့မြေသားတင်းနစ် ကစားကွင်းများ၊ ဘောလုံးကွင်းနှင့် ဖူဆယ်ကွင်းများ၊ ပြေးလမ်းနှင့် ပြေးခုန်ပစ်ကစားကွင်းများ၊ အင်ဒိုးဘက်စုံသုံးခန်းများ၊ အထူးပြင်ဆင်ရန် စိတ်ကြိုက်ပုံစံဖန်တီးပေးသော ကာယလေ့ကျင့်ရေးနေရာအတွက် ကြမ်းခင်းဝန်ဆောင်မှုစနစ်၊ ပြင်ပဘက်စုံသုံးကစားကွင်းများ၊ မြက်ခင်းတု အလှဆင်ပေးခြင်းတို့အတွက် စီစဉ်ပုံဖော်မှုအပိုင်း၌ အတွေ့အကြုံများစွာ ရှိပါသည်။