SearaSports Logo
Search
Close this search box.

ကြော်ငြာ

အာရှတိုက်၏ အပန်းဖြေအနားယူခြင်းဆိုင်ရာ အခြေခံအဆောက်အအုံကို စီစဉ်ခြင်း၊ တင်သွင်းခြင်းနှင့် တည်ဆောက်ခြင်း

Sports Engineering And Recreation Asia Ltd.(Seara) သည်အင်ဒိုချိုင်းနားနှင့် အရှေ့အာရှ၏ business to business (B2B) စီးပွားရေးကဏ္ဍများ၌ ဗျူဟာမြောက်အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို နှစ်ပေါင်းနှစ်ဆယ် ကျော်ကြာအောင်ဖန်တီးတည်ဆောက်ခဲ့သည်။ လက်ရှိအချိန်၌ ကုမ္ပဏီကြီးသည်နိုင်ငံပေါင်း ၈ နိုင်ငံတွင်ရုံးဌာန ဆယ့်တစ်ခုဖွင့်လှစ်ထားပြီး အလုပ်သမားဦးရေ ၂၂၀ ကျော်ရှိသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်အခြေစိုက် Seara မှနေ၍ အိမ်နီးချင်းဖွံ့ဖြိုးဆဲဈေးကွက်များ၌ ရင်းနှီးမြုပ်နှံခြင်း၊ လုပ်ငန်းစဉ်တိုးတက်မှုမှတဆင့် တန်ဖိုးတက်စေ ခြင်း၊ ဈေးကွက်အတွင်းရှိထောက်ပံ့ပို့ဆောင်ရေး၊ Customer ဝန်ဆောင်မှုနှင့် Coporate Culture တို့ကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ခြင်းဖြင့် တမူကွဲသည့် လုပ်ငန်းပုံစံတစ်ခုအဖြစ်စနစ်တကျ ဖွံ့ဖြိုးတိုးတက် ရေးကို မရပ်မနားကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ဤဖွံ့ဖြိုးမှု၏ တွန်းအားသည် ဘန်ကောက်မြို့အပြင်ဘက် စတုရန်းမီတာ ၅၀၀၀ အကျယ်အဝန်းရှိသော ဒေသတွင်းဖြန့်ချိရေးစင်တာကို ကုမ္ပဏီမှစတင်တည်ထောင်သည့် အချိန် ASEAN Economic Community နှင့် Thailand's Eastern Economic Corridor တို့၏ရည်မှန်းချက်များ အတိုင်း တသဝေမတိမ်းလိုက်နာရာမှ အစပြုပါသည်။ ယနေ့အချိန်၌ Seara သည်များစွာသော လုပ်ငန်းပါတနာတို့အတွက် ကိုယ်ကာယကြံ့ခိုင်ရေး၊ ကစားခုန်စားအားကစားနှင့် အပန်းဖြေနားနေခြင်းဆိုင်ရာ ကုန်ပစ္စည်းများနှင့် လိုအပ်သည့်အထောက်အပံ့များစီစဉ်ပေးခြင်း၊ တင်သွင်းတပ်ဆင်ပေးခြင်းတို့ကို နှစ်ပေါင်း ၃၀ ကြာအတွေ့အကြုံနှင့်ဆောင်ရွက်ပေးနေသော ယုံကြည်စိတ်ချရသည့် လုပ်ငန်းပါတနာတစ်ခု ဖြစ်နေပြီ ဖြစ်ပါသည်။

my_MM